Friday, April 22, 2011

နအဖဘားမှာဒူးထောက်လားခရေNCGUBအဖွဲ့ဝင်ဦးအောင်ထွန်းစိန်နန့်ပတ်သတ်၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) ယာယီအတွင်းရေးမှူးဖြစ်သူ ဦးသန်းဖေအား ဆက်သွယ်မိန်းမြန်းချက်….။

လေးဝတီ ခိုင်မင်းထွန်း April 22, 2011

အခမ်းအနားတခု၌ အားပတရ ပြောကြားနိန်ပုံ
ဦးအောင်ထွန်းစိန်
          
NCGUB အစိုးရအဖွဲ့ ဝင် ၀န်ကြီး ဦးအောင်ထွန်းစိန် မှာ ဒေကနိန့်  မဲဆောက်က လာရေသတင်းအရ မြ၀တီဖက်ကမ်းကနိန်ပနာ ရန်သူစစ်အစိုးရပါးမှာ ဒူးထောက်လားခဗျန် လို့သတင်းကြားရပါရေ ။

(၁၉၉၀)-ခုနှစ်ပုဏ္ဍားကျွန်း မဲဆန္ဒနယ်မြီက လွှတ်တော်ကိုယ်စားလှယ် ဦအောင်ထွန်းစိန် မှာ (၂၀၀၆)- ခုနှစ် ထိုင်းနိုင်ငံဖက်ကို ထွက်လာပြီးကေ ပြည်ပတော်လှန်ရီးအဖွဲ့ တိနန့်  ပူးပေါင်းပနာ စစ်အစိုးရကို ဆန့် ကျင်နိန်ခသူဖြစ်ပါရေ ။

ဦးအောင်ထွန်းစိန်ရေ ရန်သူပါးမှာ ဒူးထောက်လားရေကိစ္စနန့်ပတ်သက်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ) ယာယီအတွင်းရေးမှူးဖြစ်သူ ဦးသန်းဖေအား ရခိုင်ရိုးမ သတင်းဌာနက ဆက်သွယ် မိန်းမြန်းကြည့်ရာ-
 
ဖြေ။
ဦးအောင်ထွန်းစိန်ရေ လွှတ်တော်အမတ် တယောက်ဆိုစော် ငြင်းစရာမဟိပါ မှန်ပါရေ၊ သူပြည်ပကို ထွက်လာရေ အချိန်ကပင်စလို့ (၂၀၀၈) ခုနှစ်( ၃) လပိုင်းထိ ပါတီပိုင်းဆိုင်ရာကို လွှတ်တော်အမတ်နန့်အညီ ပါတီတွင်းလုပ်ဆောင်ခစော် မဟိသလောက်လို့ ပြောလို့ရပါရေ။ ယင်းချင့်တောင်မကသိမ့်၊ ပါတီဆိုင်ရာ (ပြည်ပ)ညီလာခံကို မလေးသျှားနိုင်ဂံမှာ(၂၀၀၈) ခုနှစ် မတ်လမာ ကျင်းပပြုလုပ်ကတ်တေခါ သူ့ကိုမဲစနစ်အရ နာယကအဖွဲ့ဝင်ဖြစ် ရွီးချယ်ခကတ်ပါရေ။ ယင်းချင့်နောက်ပိုင်းမှာ ရခိုင်ဒီမိုကရေစီပါတီ(ပြည်ပ)နန့် အဆက်အသွယ်မလုပ်ပဲ ကိုယ်ထင်ရာ ကိုယ်လုပ်နိန်သူဖြစ်တေအတွက် သူ၏လုပ်ရပ်ဖြစ်တေ ရန်သူပါးမာ ဒူးထောက်လားခြင်းသည် ကျနော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ)နန့် လုံးဝ မသက်ဆိုင်သည့်အတွက် နစ်နာဆုံးချုံးခြင်းလည်း လုံးဝမဟိကြောင်း၊ ပါတီသည် ဒေနိန့်အချိန်ထိ နိုင်ငံတကာရောက် ဌာနခွဲများမှာ(Internet) သတင်းကွန်ယက်ကြောင့်  ဆက်လက်ရှင်သန်နိန်ဆဲပါရာ။

 မိန်း။ ဦးအောင်ထွန်းစိန်ရေ မလေးရှားနိုင်ငံမှာ ပြုလုပ်ခရေ (ANC) ညီလာခံသဘာပတိ ဖြစ်ပြီးကေ လွန်ခရေ (၃)-လလောက်ကလည်း သဘာပတိဖြစ်သူ ဦးပဒီးဖြူက ဒူးထောက် လားခပြီးကြောင်းသိရပါရေ။ ယင်းချင့်နန့်ပတ်သက်လို့ ဇာပိုင်မြင်ပါလဲလို့ မိန်းကြည့်ရေခါ-
 
ဖြေ
။ အထက်ကလူတိဒူးထောက်လားလို့ ရခိုင်အမျိုးသားကောင်စီ(ANC) ဆိုစော် သိက္ခာကျလားခြင်းမဟိပါ။ အစွာဖြစ်လို့လဲဆိုကေ ထိုင်းမြန်မာနယ်စပ်မာ အခြီချလုပ်ကိုင်နိန်ရေ  လက်ဟိ  (ANC) အတွင်းရေးမှူး တာဝန်ကိုထမ်းဆောင်နိန်သူ၊ ရခိုင်ကျောင်းသားလူငယ်အဖွဲ့ (AASYC)မှ ကိုထွန်းဇော်က တိုင်းရင်းသားလူမျိုးများကောင်စီ(ENC)နန့် လက်တွဲပနာ နိုင်ငံရေး ကိစ္စ အ၀၀ကိုလုပ်ဆောင်နိန်ရေအတွက် ရခိုင်ပြည် အမျိုးသားကောင်စီအတွက် နစ်နာဆုံး ချုံးခြင်းမဟိပါ။
မိန်း။ ဦးအောင်ထွန်းစိန်ရေ မလေးရှားနိုင်ငံမှာပြုလုပ်တေညီလာခံက တင်မြှောက်ခရေ (ANC)  သဘာပတိ မဟုတ်ပါလားလို့မိန်းရေခါ-

ဖြေ။
ရခိုင်အမျိုးသားကောင်စီ(ANC)ကို ကိုယ်စားလှယ်လားရေခါ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဥက္ကဌ၊ အတွင်းရေးမှူး နန့် လိုအပ်ကေ ဗဟိုကော်မီတီဝင် တယောက်ယောက်ရာ လားရပါရေ၊ ဦးအောင်ထွန်းစိန်ရေ (၂၀၀၈) ခုနှစ် ပါတီညီလာခံက သူ့ကိုနာယကအဖွဲ့ဝင်ဖြစ် ရွီးချယ်ထားသူဖြစ်ပါရေ၊ ယေဇုနန့် သူ့မာ(ANC)သို့ ကိုယ်စားလှယ်လားပိုင်ခွင့် မဟိစော်ကတကြောင်း၊ နောက်ပြီး ကိုညီညီလွင်သည် ရခိုင်အမျိုးသားကောင်စီ(ANC)က (၂၀၀၆) ခုနှစ်ကတည်းက တရားဝင် နှုတ်ထွက်ထားပြီးသား လူတယောက်ဆိုစော်ကို မမိသင့်ပါ၊ မိမိဆန္ဒအလျောက် နှုတ်ထွက်ထားရေ လူတယောက်က ရခိုင်ပြည်အမျိုးသားညီလာခံကို ခေါ်ပိုင်ခွင့်မဟိပါ၊ ယင်းပိုင် အကြောင်းကြောင်း  လွှတ်တော်အမတ် ဦးအောင်ထွန်းစိန်သည် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၏ သဘာပတိတယောက် မဖြစ်မြောက်ပါ။

မိန်း။
နောက်ဆုံး ပြည်သူကိုဇာပိုင်မှာကြားချင်ပါရေလဲ?

ဖြေ
။ ရခိုင်ပြည်သူပြည်သားတိကို ပြောကြားချင့်စော်က “ရခိုင့်ကြံကြမ္မာကို၊ ရခိုင်သား ဖန်းတီးနိုင်အောင် နိုင်ရေဖက်က ၀ိုင်းဝန်းလုပ်ဆောင်ဂတ်ဖို့၊ ရန်သူပါးမာ ယောက်စပေါက်စ ဒူးထောက်လားစော်ကို စိတ်မပျက်ပဲ ဆက်လက်ကြိုးစားဂတ်ပါ”လို့တိုက်တွန်းပါရေ….။

No comments:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More